Proverbs 22:1
ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
Common Language Bible
In The King James Version
A good name is rather to be chosen than great riches, and loving favour rather than silver and gold.
In Context
2ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
Cross References
1 Kings 1:47မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-
Luke 10:20သို့ရာတွင်သင်တို့သည်နတ်မိစ္ဆာများကိုနှိမ်နင်းနိုင် သည့်အတွက်ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ တွင်သင်တို့၏နာမည်များစာရင်းဝင်ပြီးဖြစ်သည့် အတွက်သာလျှင်ဝမ်းမြောက်ကြလော့'' ဟုမိန့် တော်မူ၏။
Philippians 4:3ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။