Proverbs 22:7
ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
Common Language Bible
In The King James Version
The rich ruleth over the poor, and the borrower is servant to the lender.
In Context
6သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
Cross References
Nehemiah 5:4အခြားသူတို့က``ငါတို့သည်လယ်ခွန်နှင့် စပျစ်ဥယျာဉ်ခွန်ပေးဆောင်နိုင်ရန်ငွေကို ချေးယူထားကြရပါသည်။-
Proverbs 14:31ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
Proverbs 22:16ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
Isaiah 24:2ယဇ်ပုရောဟိတ်နှင့်ပြည်သူ၊ ကျွန်နှင့်သခင်၊ ဝယ်သူနှင့်ရောင်းသူ၊ ချေးသူနှင့်ငှားသူ၊ ချမ်း သာသူနှင့်ဆင်းရဲသူ၊ ရှိရှိသမျှသောလူ တို့သည်ကံကြမ္မာတစ်မျိုးတစ်စားတည်း နှင့်ကြုံတွေ့ရကြလိမ့်မည်။-
Amos 4:1အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။-
Amos 8:4ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-