Proverbs 23:32
နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။
Common Language Bible
In The King James Version
At the last it biteth like a serpent, and stingeth like an adder.
In Context
31ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။
Cross References
Exodus 7:12ထိုသူတို့သည်မိမိတို့၏တောင်ဝှေးများကို ပစ်ချရာ တောင်ဝှေးများသည်မြွေဖြစ်ကြ ကုန်၏။ သို့ရာတွင်အာရုန်၏မြွေကထိုသူ တို့၏မြွေများကိုမျိုလိုက်လေ၏။-
Proverbs 5:11နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယ ဆွေးမြေ့သောအခါ၊
Isaiah 28:3ထိုသေသောက်ကြူးသောခေါင်းဆောင်တို့ ဂုဏ်ယူဝါကြွားမှုသည် ခြေနှင့်နင်းချေ ခြင်းကိုခံရလိမ့်မည်။-
Isaiah 59:5သင်တို့၏ဆိုးရွားသောအကြံစည်များသည် မြွေဆိုးဥများကဲ့သို့ပေါက်ပွားစေ၏။ တစ် ခုကိုဖျက်ဆီးလိုက်လျှင် မြွေဆိုးတစ်ကောင် ပေါက်လာတတ်ပါသည်တကား။ သင်တို့၏ အကြံအစည်များသည်သင်တို့ကိုအကျိုး ပေးလိမ့်မည်မဟုတ်။-
Jeremiah 8:17ထာဝရဘုရားက``သတိဝိရိယနှင့်နေ ကြလော့။ ငါသည်သင်တို့အထဲသို့မြွေများ၊ အလမ္ပာယ်ဆရာမနိုင်သည့်မြွေဆိုးများကို စေလွှတ်မည်။ ထိုမြွေတို့သည်သင်တို့ကို ကိုက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Amos 9:3ကရေမေလတောင်ထိပ်၌ပုန်းနေလျှင်လည်း သူတို့ကိုလိုက်ရှာ၍ဖမ်းချုပ်မည်။ ငါ့ထံမှ လွတ်အောင်ပင်လယ်အောက်၌ပုန်းနေလျှင် သူ တို့ကိုဝါးမြိုရန်ပင်လယ်နဂါးကိုစေ ခိုင်းမည်။-