Proverbs 25:21
သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေး လော့။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့။
Common Language Bible
In The King James Version
If thine enemy be hungry, give him bread to eat; and if he be thirsty, give him water to drink:
In Context
22ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထား ၍၊ ထာဝရဘုရားသည်လည်း၊ သင်၌ ဆုချတော်မူမည်။
Cross References
1 Samuel 24:20သင်သည်ဣသရေလဘုရင်ဖြစ်လာမည်ကို လည်းကောင်း၊ ဣသရေလပြည်သည်သင်၏ လက်ဝယ်ဆက်လက်တည်မြဲနေမည်ကိုလည်း ကောင်းယခုငါအသေအချာသိပါ၏။-
2 Chronicles 28:15ပြည်သူတို့သည်သုံ့ပန်းများအားလက်ရ ပစ္စည်းများထဲက အဝတ်အစားဝေငှပေးရေး အတွက်အကြီးအကဲလေးဦးကိုခန့်ကြ ၏။ အကြီးအကဲတို့သည်သုံ့ပန်းများဝတ် ဆင်ရန်အဝတ်အစားများ၊ ဖိနပ်များနှင့် စားရန်အစားအစာအလုံအလောက်ကို ပေး၍ သူတို့၏ဒဏ်ရာများကိုသံလွင်ဆီ နှင့်လိမ်းပေးကြ၏။ အားနည်းသူတို့ကို မြည်းစီးစေလျက် ယုဒနယ်မြေရှိစွန် ပလွံမြို့ခေါ်ယေရိခေါမြို့သို့အရောက် ပို့ကြ၏။ ထိုနောက်ဣသရေလအမျိုး သားတို့သည်ရှမာရိမြို့သို့ပြန်ကြ၏။
Proverbs 24:17သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
Matthew 5:44သို့ရာတွင်ရန်သူကိုချစ်ကြလော့ဟုသင်တို့ အားငါဆို၏။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူ တို့အတွက်မေတ္တာပို့ကြလော့။-
Romans 12:20ထို့ကြောင့်လက်စားချေမည့်အစားကျမ်းစာ တော်တွင်ပါရှိသည့်အတိုင်းပြုကျင့်လော့။ ကျမ်းစာတော်က ``သင်တို့၏ရန်သူသည်ဆာ ငတ်မွတ်သိပ်လျှင်ကျွေးမွေးလော့။ ရေငတ်လျှင် သောက်ရေကိုပေးလော့။ ဤသို့ပြုခြင်းအား ဖြင့်သင်သည်သူ့အားအရှက်ရစေလိမ့်မည်'' ဟုဖော်ပြသည်။-