Proverbs 28:26
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။
Common Language Bible
In The King James Version
He that trusteth in his own heart is a fool: but whoso walketh wisely, he shall be delivered.
In Context
25စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
Cross References
2 Kings 8:13ဟာဇေလက``အကျွန်ုပ်သည်မရေရာသူ တစ်ဦးဖြစ်ပါသည်။ အဘယ်သို့လျှင်ဤ မျှတန်ခိုးကြီးနိုင်ပါမည်နည်း'' ဟုမေး၏။ ဧလိရှဲက``သင်သည်ရှုရိပြည်ကိုစိုးစံရလိမ့် မည်ဖြစ်ကြောင်း ငါ့အားထာဝရဘုရားဖော်ပြ တော်မူလေပြီ'' ဟုဆို၏။
Proverbs 3:5ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
Proverbs 26:12ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။
Mark 7:21လူအတွင်းရှိစိတ်နှလုံးထဲမှညစ်ညမ်းသော အကြံအစည်များထွက်လာ၏။ ကာမဂုဏ် လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လူ့အသက် ကိုသတ်ခြင်း၊-
Romans 8:7ဇာတိသဘောဆိုင်ရာအရာများကိုစိတ်စွဲ လမ်းသူသည် ဘုရားသခင်အားရန်ဖက်ပြုသူ ဖြစ်၏။ ထိုသို့စိတ်စွဲလမ်းသူသည်ဘုရားသခင် ၏တရားတော်ကိုမလိုက်လျှောက်။ အကယ်ပင် မလိုက်လျှောက်နိုင်။-
James 1:5သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-