Proverbs 29:12
မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။
Common Language Bible
In The King James Version
If a ruler hearken to lies, all his servants are wicked.
In Context
11မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။
Cross References
1 Samuel 18:22သူသည်နန်းတွင်းအရာရှိအချို့တို့ကိုလည်း ခေါ်ပြီးလျှင်``သင်တို့သည်ဒါဝိဒ်အား မင်းကြီး သည်သင့်ကိုမြတ်နိုးတော်မူသည်။ အရာရှိ အပေါင်းတို့ကလည်းချစ်ခင်ကြသည်။ သို့ဖြစ် ၍ယခုအချိန်သည်ဘုရင့်သမီးတော်နှင့် သင် ထိမ်းမြားရန်အချိန်ကောင်းပင်ဖြစ်သည်ဟု တိတ်တဆိတ်တိုက်တွန်းကြလော့'' ဟုမှာ ထားတော်မူ၏။
1 Samuel 23:19ဇိဖအရပ်မှလူအချို့တို့သည်ရှောလုရှိ ရာဂိဗာမြို့သို့သွား၍``ဒါဝိဒ်သည်အကျွန်ုပ် တို့၏နယ်အတွင်းယုဒတောကန္တာရတောင် ပိုင်း၊ ဟခိလတောင်ထိပ်ပေါ်ရှိဟောရေရှ အရပ်တွင်ပုန်းအောင်းနေပါသည်။-
2 Samuel 4:5ရေခပ်နှင့်ဗာနာတို့သည်ဣရှဗောရှက်၏အိမ် တော်သို့သွားရာ ဣရှဗောရှက်နေ့လယ်အိပ် စက်အနားယူနေချိန်မွန်းတည့်ခန့်၌ရောက် ရှိလာကြ၏။-
2 Kings 10:6ယေဟုကလည်း``သင်တို့သည်ငါ၏ဘက်သို့ ပါ၍ ငါ့အမိန့်ကိုလိုက်နာရန်အသင့်ရှိပါ လျှင် အာဟပ်မင်း၏သားမြေးတို့၏ဦးခေါင်း များကို နက်ဖြန်ဤအချိန်အရောက်ငါ့ထံ သို့ယူဆောင်ခဲ့ကြလော့'' ဟုနောက်ထပ်စာ ရေးပေးပို့လိုက်လေသည်။ ရှမာရိမြို့ရှိမြို့မိမြို့ဖတို့သည် အာဟပ် မင်း၏သားမြေးခုနစ်ဆယ်ကိုအုပ်ထိန်း စောင့်ရှောက်လျက်ရှိကြ၏။-
Psalms 101:5သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။ မာန်မာနထောင်လွှားလျက်စိတ်နေမြင့်သူကို သည်းခံမည်မဟုတ်ပါ။
Proverbs 25:23မြောက်လေသည် မိုဃ်းရေကို ဆောင်တတ် သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။