Proverbs 3:10
သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်။
Common Language Bible
In The King James Version
So shall thy barns be filled with plenty, and thy presses shall burst out with new wine.
In Context
9သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
Cross References
Deuteronomy 14:29ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
2 Chronicles 31:10ဇာဒုတ်၏သားမြေးယဇ်ပုရောဟိတ်မင်း အာဇရိက``ပြည်သူတို့သည်ဤလှူဖွယ် ပစ္စည်းများကိုဗိမာန်တော်သို့ယူဆောင်လာ ချိန်မှအစပြု၍ အကျွန်ုပ်တို့စားသုံးရန် အလုံအလောက်ရရှိကြသည့်အပြင် များစွာပင်ပိုလျှံလျက်နေပါ၏။ ဤမျှ အကျွန်ုပ်တို့ရရှိကြခြင်းမှာထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်အား ကောင်းချီးပေးတော်မူသောကြောင့်ဖြစ် ပါ၏'' ဟုလျှောက်လေသည်။
Proverbs 19:17ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
Ecclesiastes 11:1သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။
Haggai 2:19သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။
Matthew 10:42အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''