Proverbs 4:10
ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။
Common Language Bible
In The King James Version
Hear, O my son, and receive my sayings; and the years of thy life shall be many.
In Context
9သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည်။
11ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။
Cross References
Deuteronomy 6:2သင်တို့နှင့်သင်တို့၏အဆက်အနွယ်တို့သည် အသက်ရှင်သမျှကာလပတ်လုံးသင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ ရိုသေရကြမည်။ သင်တို့သည်ထိုပြည်တွင် ကြာရှည်စွာနေထိုင်နိုင်ရန် ငါပေးသော ပညတ်တော်ရှိသမျှတို့ကိုနားထောင်၍ စောင့်ထိန်းကြလော့။-
Proverbs 2:1ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
Proverbs 3:16သူ၏လက်ျာလက်၌ အသက်တာရှည်သော ကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။
Proverbs 19:20နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။
John 3:32ထိုအရှင်သည်မိမိမြင်ခဲ့ကြားခဲ့ရသော အရာများအကြောင်းကိုဟောပြောတော်မူ သော်လည်း ကိုယ်တော်၏ဟောပြောချက်ကို အဘယ်သူမျှလက်မခံကြ။-
1 Timothy 1:15ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-