Proverbs 7:12
ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။
Common Language Bible
In The King James Version
Now is she without, now in the streets, and lieth in wait at every corner.)
In Context
11ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။
13ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊
Cross References
Proverbs 7:8ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊
Proverbs 23:28သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။
Jeremiah 2:33သင်တို့သည်မိမိတို့ချစ်သူများကိုအမှန် ပင်လိုက်၍ရှာတတ်ကြ၏။ ဆိုးညစ်သည့်အမျိုး သမီးများကိုပင်သင်တို့၏အကျင့်ကိုသင် ပေးနိုင်ကြ၏။-
Jeremiah 3:2တောင်ထိပ်တို့ကိုမျှော်၍ကြည့်ကြလော့။ ပြည့် တန်ဆာကဲ့သို့ သင်မပြုမကျင့်ဘဲနေခဲ့သည့် အရပ်တစ်စုံတစ်ခုရှိသလော။ အာရပ်အမျိုး သားသည်တောကန္တာရတွင်လုယက်တိုက်ခိုက် ရန်စောင့်မျှော်နေသကဲ့သို့၊ သင်သည်လမ်းနံ ဘေးတို့တွင်ချစ်သူများကိုစောင့်မျှော်နေခဲ့ ၏။ သင်သည်မိမိတို့၏ဆိုးညစ်မှုနှင့်ပြည့် တန်ဆာအလုပ်ဖြင့်ဤပြည်ကိုညစ်ညမ်း စေလေပြီ။-
Ezekiel 16:31သင်သည်လမ်းထိပ်တိုင်း၌သင်ကိုးကွယ်ရန် တောင်ကုန်းများကိုဆောက်၍ စျေးရပ်ကွက် တိုင်း၌မြင့်သောကိုးကွယ်ရာဌာနများ ကိုတည်ဆောက်သောအခါ ပြည့်တန်ဆာ အလုပ်ကိုလုပ်သော်လည်းသာမန်ပြည့် တန်ဆာများကဲ့သို့အခကြေးငွေကို မတောင်း။-
Revelation 18:23သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။