Proverbs 8:4
အချင်းလူတို့၊ သင်တို့အားငါခေါ်၏။ လူသားတို့ အား အသံကို ငါလွှင့်၏။
Common Language Bible
In The King James Version
Unto you, O men, I call; and my voice is to the sons of man.
In Context
3ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ ကြွေးကြော်၍၊
5ဥာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့။
Cross References
Psalms 49:1လူအပေါင်းတို့၊ဤစကားကိုနာယူကြလော့။ အယုတ်အမြတ်၊ဆင်းရဲချမ်းသာမရွေး၊ အရပ်တကာရှိလူခပ်သိမ်းတို့နားထောင်ကြလော့။
Micah 1:2လူမျိုးအပေါင်းတို့၊ကြားနာကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့နားထောင် ကြလော့။ အရှင်ထာဝရဘုရားသည်သင်တို့တစ် ဘက်မှ သက်သေခံတော်မူမည်။ နားထောင်ကြလော့၊ ထာဝရဘုရားသည်ကောင်းကင်ဘုံရှိဗိမာန် တော်မှ မိန့်ကြားတော်မူ၏။
John 3:16ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
Colossians 1:23သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။
1 Timothy 2:4လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။-
Revelation 22:17ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။