Proverbs 9:12
သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
Common Language Bible
In The King James Version
If thou be wise, thou shalt be wise for thyself: but if thou scornest, thou alone shalt bear it.
In Context
11အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
13မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
Cross References
Job 19:4ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့်ငါသာဆိုင်၏။
Job 22:3သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုး ရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။
Job 35:6သင်သည် ဒုစရိုက်ကိုပြုသော်လည်း၊ ဘုရား သခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း။ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။
Isaiah 28:22အနန္တတန်ခိုးရှင်ထာဝရဘုရားသည်တစ် ပြည်လုံးကိုဖျက်ဆီးပစ်တော်မူရန် သန္နိဋ္ဌာန် ချမှတ်ပြီးကြောင်းငါကြားသိရလေပြီ။ သင်တို့အားငါသတိပေးသည်ကိုပြက် ရယ်မပြုကြနှင့်။ ပြက်ရယ်ပြုကြပါမူ သင်တို့သည်အသက်ဘေးမှလွတ်ကင်း ရန်ပို၍ပင်ခဲယဉ်းပေလိမ့်မည်။
Zechariah 12:14အခြားအိမ်ထောင်မိသားစုများစသည် ဖြင့် တိုင်းပြည်တွင်ရှိသမျှသောအိမ်ထောင် မိသားစုတို့သည်သီးသန့်စွာငိုကြွေး မြည်တမ်းကြလိမ့်မည်။ အိမ်ထောင်မိသားစု တစ်ခုစီ၌လည်းအမျိုးသားများသီး သန့်၊ အမျိုးသမီးများသီးသန့်ဖြင့်ငို ကြွေးကြလိမ့်မည်။
2 Peter 3:16ပေါလုသည်ဤအကြောင်းအရာနှင့်ပတ်သက် ၍မိမိရေးသမျှသောစာတို့တွင်ဤအတိုင်း ပင်ဖော်ပြထား၏။ သူ၏စာများတွင်ပါရှိသည့် အကြောင်းအရာအချို့တို့မှာနားလည်ရန် ခက်သဖြင့် အသိပညာမဲ့၍စိတ်မတည် မငြိမ်သူတို့သည် အနက်အဋ္ဌိပ္ပါယ်အလွဲလွဲ အမှားမှားကောက်ယူတတ်ကြ၏။ သူတို့သည် အခြားကျမ်းပုဒ်များ၏အနက်အဋ္ဌိပ္ပါယ်ကို လည်းဤနည်းတူကောက်ယူသဖြင့်မိမိတို့ ကိုယ်တိုင်ပျက်စီးခြင်းငှာပြုကြ၏။