The Bible Software
Psalms · Common Language Bible

Psalms 1

1သူ​ယုတ်​မာ​တို့​၏​အ​ကြံ​ဉာဏ်​ကို​လက်​မ​ခံ၊ အ​ပြစ်​ကူး​သူ​တို့​၏​စံ​န​မူ​နာ​ကို​မလိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​တို့​နှင့်​လည်း မ​ပေါင်း​မ​ဖော်​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

2သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လျှောက်​၍ နေ့​ည​မ​ပြတ်​လေ့​လာ​ဆင်​ခြင်​မှု​ဖြင့်​ပျော်​မွေ့​တတ်​ကြ​၏။

3ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌ အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။

4သို့​ရာ​တွင်၊သူ​ယုတ်​မာ​တို့​မူ​ကား​အ​ဘယ်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဖြစ်​နိုင်။ သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​တတ်​သော​ဖွဲ​နှင့်​တူ​ကြ​၏။

5အ​ပြစ်​ကူး​သူ​တို့​သည်​ဘု​ရား​သ​ခင် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အ​ပေါင်း​အ​သင်း​ထဲ​သို့​မ​ဝင်​ရ​ကြ။

6ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တော်​ကောင်း​များ​ကို​ပို့​ဆောင်​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့​မူ​ကား​ဆုံး​ရှုံး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။

← Job 42Read In The App, Free →Psalms 2 →

Study Psalms 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150