The Bible Software
Psalms · Common Language Bible

Psalms 101

1အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​သစ္စာ​စောင့်​သိ​ခြင်း​နှင့် တ​ရား​မျှ​တ​ခြင်း​အ​ကြောင်း​ကို​သီ​ချင်း​ဆို​ပါ​မည်။ ရှေ့​တော်​၌​သီ​ချင်း​ဆို​ပါ​မည်။

2ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင် ကျင့်​ကြံ​ပါ​မည်။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​မှ​ကျွန်​တော်​မျိုး ထံ​သို့ ကြွ​လာ​တော်​မူ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အိမ်​တွင်​ဖြူ​စင်​သည့် စိတ်​သ​ဘော​ထား​ဖြင့်​ကျင့်​ကြံ​ပြု​မူ​ပါ​မည်။

3မ​ကောင်း​မှု​ကို​အ​ဘယ်​အ​ခါ​၌​မျှ​သည်း​ခံ​မည် မ​ဟုတ်​ပါ။ ဘု​ရား​သ​ခင်​အား​ကျော​ခိုင်း​သူ​တို့​၏ အ​ပြု​အ​မူ​တို့​ကို​မုန်း​၍ ထို​အ​ပြု​အ​မူ​တို့​နှင့်​အ​ဘယ်​သို့​မျှ​ပတ်​သက် မည် မ​ဟုတ်​ပါ။

4ငါ​သည်​လိမ်​လည်​ကောက်​ကျစ်​မည်​မ​ဟုတ်​ပါ။ မ​ကောင်း​မှု​ပြု​သူ​တို့​နှင့်​ပေါင်း​ဖော်​မည်​မဟုတ်​ပါ။

5သူ​တစ်​ပါး​အ​ကြောင်း​မ​ကောင်း​သ​တင်း တီး​တိုး​လွှင့်​တတ်​သူ​ကို​ဖယ်​ရှား​ပစ်​ပါ​မည်။ မာန်​မာ​န​ထောင်​လွှား​လျက်​စိတ်​နေ​မြင့်​သူ​ကို သည်း​ခံ​မည်​မ​ဟုတ်​ပါ။

6ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​သူ​တို့​ကို နှစ်​သက်​ပါ​မည်။ သူ​တို့​အား​ငါ​၏​နန်း​တော်​တွင်​နေ​ခွင့်​ပြု​ပါ​မည်။ လိမ်​လည်​ကောက်​ကျစ်​မှု​ကင်း​ရှင်း​သူ​တို့​အား ငါ​၏​အ​မှု​တို့​ကို​ထမ်း​ဆောင်​စေ​ပါ​မည်။

7လိမ်​လည်​ပြော​ဆို​တတ်​သူ​သည်​ငါ​၏​နန်း​တော်​တွင် နေ​ရ​မည်​မ​ဟုတ်​ပါ။ သူ​တော်​ယောင်​ဆောင်​တတ်​သူ​သည် ငါ​၏​ရှေ့​မှောက်​တွင်​နေ​ရ​မည်​မ​ဟုတ်​ပါ။

8ငါ​တို့​တိုင်း​နိုင်​ငံ​တွင်​ရှိ​သ​မျှ​သော​သူ​ယုတ်​မာ တို့​ကို ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​သုတ်​သင်​ပစ်​ပါ​မည်။ ဆိုး​ညစ်​သူ​အ​ပေါင်း​တို့​အား​ထာ​ဝ​ရ​ဘုရား​၏ မြို့​တော်​မှ​နှင်​ထုတ်​ပါ​မည်။

← Psalms 100Read In The App, Free →Psalms 102 →

Study Psalms 101

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150