Psalms 102:19
အကျဉ်းခံနေရသူများ၏ညည်းတွားသံများကို နားထောင်တော်မူရန်လည်းကောင်း၊ သေဒဏ်စီရင်ခြင်းခံရသူတို့အားလွတ်ငြိမ်းခွင့် ပေးတော်မူရန်လည်းကောင်း ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် အထက်ဘုံမှငုံ့၍ကြည့်တော်မူ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံမှငုံ့၍ ကမ္ဘာကိုစစ်ဆေးကြည့်ရှုတော်မူ၏။
Common Language Bible
In The King James Version
For he hath looked down from the height of his sanctuary; from heaven did the LORD behold the earth;
In Context
Cross References
Deuteronomy 26:15ကိုယ်တော်စိုးစံတော်မူရာကောင်းကင်ဘုံမှ ကြည့်ရှုတော်မူ၍ ဘိုးဘေးတို့အားကတိ ထားတော်မူသည့်အတိုင်းပေးသနားသော အစာရေစာပေါကြွယ်ဝသည့်ပြည်နှင့် တကွ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးတို့အားကောင်းချီး ပေးတော်မူပါ' ဟူ၍လျှောက်ဆိုရမည်။
1 Kings 8:43သူ၏ပတ္ထနာကိုနားညောင်းတော်မူပါ။ ကိုယ်တော် စံတော်မူရာကောင်းကင်ဘုံကနေ၍ နားထောင် တော်မူပြီးလျှင်သူပန်ကြားသည့်အတိုင်းပြု တော်မူပါ။ သို့မှသာလျှင်ကမ္ဘာပေါ်ရှိလူအပေါင်း တို့သည် ကိုယ်တော်၏လူမျိုးတော်နည်းတူကိုယ်တော် အားကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်ရှင်အဖို့အကျွန်ုပ်တည်ဆောက်ထား သည့် ဤဗိမာန်တော်သည်ကိုယ်တော်အားကိုးကွယ် ဝတ်ပြုရာဌာနတော်ဖြစ်ကြောင်းကိုသူတို့သိ ရှိကြပါလိမ့်မည်။''
Job 22:12ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား။
Psalms 33:13ထာဝရဘုရားသည်ကောင်းကင်ဘုံမှ ငုံ့၍ကြည့်တော်မူရာ၊ လူသားအပေါင်းကိုမြင်တော်မူ၏။
Hebrews 8:1ယခုဆိုခဲ့ပြီးသောအကြောင်းအရာများ တွင် အရေးကြီးသည့်အချက်မှာ ငါတို့တွင်ထိုသို့ သောယဇ်ပုရောဟိတ်မင်းရှိခြင်းပင်ဖြစ်ပေသည်။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိဘုန်းတန်ခိုးရှင် ၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။-