Psalms 102:9
ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
Common Language Bible
In The King James Version
For I have eaten ashes like bread, and mingled my drink with weeping,
In Context
Cross References
Job 3:24အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။
Psalms 42:11ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။
Psalms 80:5ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ဝမ်းနည်းမှု တည်းဟူသောအစားအစာကိုကျွေး၍ မျက်ရည်တည်းဟူသောရေကိုကြီးမားသည့် ခွက်ဖလားဖြင့်တိုက်တော်မူပါပြီ။
Lamentations 3:15ကိုယ်တော်သည်ငါ့အားပြင်းထန်သော ဝေဒနာကိုအစာရေစာအဖြစ်တိုက်ကျွေး တော်မူပါ၏။
Micah 1:10ဂါသမြို့ရှိရန်သူများအားငါတို့စစ်ရေး နိမ့်သည့်သတင်းကိုမကြားပြောနှင့်။ သင် တို့ငိုကြွေးနေခြင်းကိုသူတို့မမြင်စေနှင့်။ ဗေသောဖရာမြို့သားတို့၊ စိတ်ပျက်အား လျော့ကြောင်းပြရန်မြေမှုန့်၌လူးလှိမ့်နေ ကြလော့။-