Psalms 103:17
သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက် ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
Common Language Bible
In The King James Version
In Context
Cross References
Exodus 20:6သို့ရာတွင်ငါ့ကိုချစ်၍ငါ့ပညတ်တို့ကိုစောင့် ထိန်းသောသူတို့အား အမျိုးအစဉ်အဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ တော်မူမည်။
Psalms 22:31``ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူခဲ့၏'' ဟုလာလတ္တံ့သော လူမျိုးဆက်အားပြောကြားကြလိမ့်မည်။
Psalms 89:1အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုအစဉ်သီချင်းဆို ပါမည်။ အခါခပ်သိမ်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာပါမည်။
Psalms 100:5ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည် ထာဝစဉ်တည်မြဲ၍သစ္စာတော်သည် ကာလအစဉ်အဆက်တည်သတည်း။
Psalms 118:1ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်ထာဝစဉ်တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြ လော့။
Isaiah 41:8``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။