Psalms 104:14
ကိုယ်တော်သည်တောတိရစ္ဆာန်များစားဖို့ မြက်များကိုလည်းကောင်း၊ လူတို့သုံးဖို့ကောက်ပင်များကိုလည်း ကောင်း ပေါက်စေတော်မူပါ၏။ သို့ဖြစ်၍လူသည်သီးနှံပင်များကိုစိုက်ပျိုး နိုင်လျက်
Common Language Bible
In The King James Version
In Context
Cross References
Genesis 1:12သို့ဖြစ်၍မြေကြီးမှ အပင်အမျိုးမျိုးပေါက် လာကြ၏။ ဘုရားသခင်သည် ထိုအမှုအရာ ကိုရှုမြင်၍နှစ်သက်တော်မူ၏။-
Genesis 2:5မြေပေါ်သို့မိုးကိုရွာစေတော်မမူသေးသ ဖြင့်အပင်မပေါက်၊ အညှောက်လည်းမထွက် သေး။ မြေကိုထွန်ယက်မည့်သူလည်းမရှိသေး။-
Genesis 3:18မြေမှဆူးချုံနှင့်ပေါင်းပင်များပေါက်လိမ့်မည်။ သင်သည်အရိုင်းပေါက်သောအပင်တို့ကိုစား ရမည်။-
Genesis 9:3သင်တို့သည်ထိုသတ္တဝါနှင့်အသီးအရွက်တို့ကိုစားသုံးနိုင်ကြ၏။ ထိုအရာအားလုံးကိုသင်တို့စားသုံးရန်ငါပေး၏။-
1 Kings 18:5အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။-
Job 38:27လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။