Psalms 104:25
မရေမတွက်နိုင်သောသတ္တဝါကြီးငယ်တို့ နေထိုင်ရာ အပြောကျယ်သည့်သမုဒ္ဒရာကြီးရှိပါ၏။
Common Language Bible
In The King James Version
So is this great and wide sea, wherein are things creeping innumerable, both small and great beasts.
In Context
Cross References
Genesis 1:21သို့ဖြစ်၍ဘုရားသခင်သည်ပင်လယ်ငါးသတ္တ ဝါကြီးများအစရှိသောရေသတ္တဝါအမျိုး မျိုး၊ ငှက်အမျိုးမျိုးတို့ကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုအမှုအရာကိုရှုမြင် ၍နှစ်သက်တော်မူ၏။-
Genesis 3:1မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။
Deuteronomy 33:19သူတို့သည်လူမျိုးခြားတို့ကိုတောင်ပေါ်သို့ ဖိတ်ခေါ်လျက် ပူဇော်ထိုက်သောယဇ်များကိုပူဇော်ကြ၏။ သူတို့သည်ပင်လယ်မှလည်းကောင်း ကမ်းခြေတစ်လျှောက်ရှိသဲမှလည်းကောင်း ဥစ္စာဘဏ္ဍာများရရှိကြသည်။''
Psalms 95:4ကိုယ်တော်သည်အနက်ဆုံးသောမြေကြီး နက်ရှိုင်းရာများမှ အမြင့်ဆုံးသောတောင်ထိပ်များတိုင်အောင် ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရတော်မူ၏။