Psalms 105:12
ဘုရားသခင်၏လူစုတော်သည် အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။
Common Language Bible
In The King James Version
When they were but a few men in number; yea, very few, and strangers in it.
In Context
Cross References
Genesis 17:8ယခုသင်သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင် ရသော ဤပြည်ကိုသင်နှင့်သင်၏အဆက်အနွယ် တို့အားငါပေးမည်။ ခါနာန်ပြည်တစ်ပြည်လုံး ကို သင်၏အဆက်အနွယ်တို့အားထာဝစဉ် အပိုင်ပေးမည်။ ငါသည်လည်းသူတို့၏ဘုရား ဖြစ်မည်'' ဟုမိန့်တော်မူ၏။
Genesis 34:30ထိုအခါယာကုပ်ကရှိမောင်နှင့်လေဝိတို့ အား``သင်တို့သည်ငါ့ကိုဒုက္ခရောက်စေပြီ။ ဤ ပြည်မှခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုး သားတို့သည်ငါ့ကိုမုန်းကြလိမ့်မည်။ ငါ့ထံ၌ လူအင်အားအနည်းငယ်သာရှိသည်။ အကယ်၍ သူတို့စည်းရုံးကြပြီးလျှင်ငါ့ကိုတိုက်ခိုက် ပါက ငါတို့မိသားစုအားလုံးသေကြေ ပျက်စီးရကြလိမ့်မည်'' ဟုပြောလေ၏။
Deuteronomy 7:7``သင်တို့သည်အခြားသောလူမျိုးများထက် လူဦးရေပိုများသောကြောင့် ထာဝရဘုရား သည်သင်တို့ကိုချစ်၍ရွေးချယ်ခြင်းမဟုတ်။ သင်တို့သည်ကမ္ဘာပေါ်တွင်လူဦးရေအနည်း ဆုံးလူမျိုးဖြစ်သည်။-
Isaiah 51:2သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။ အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။ သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊ သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။
Acts 7:5ထိုအခါကကိုယ်တော်သည်အာဗြဟံ အား ထိုပြည်တွင်ပစ္စည်းဥစ္စာတစ်စုံတစ်ရာ ကိုမျှပေးတော်မမူ။ မြေတစ်ပေပတ်လည် ကိုပင်ပေးတော်မမူ။ သို့ရာတွင်ထိုပြည်ကို သူ့အားလည်းကောင်း၊ သူ့နောက်တွင်သူ၏ သားမြေးများအားလည်းကောင်း အပိုင်ပေး တော်မူမည်ဟူ၍ကတိပြုတော်မူ၏။ ထို သို့ကတိပြုစဉ်အခါ၌အာဗြဟံတွင် သားသမီးမရှိသေးချေ။-
Hebrews 11:12အာဗြဟံသည်သူသေနှင့်မထူးခြား သော်လည်း သူတစ်ယောက်မှပေါက်ဖွားလာ သောသားမြေးများမှာကောင်းကင်ကြယ် များကဲ့သို့လည်းကောင်း၊ မရေမတွက်နိုင် သောပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ လည်းကောင်းများပြားသတည်း။