Psalms 106:15
သို့ဖြစ်၍ကိုယ်တော်သည်သူတို့တောင်းခံသည့် အရာကိုချပေးတော်မူသော်လည်း သူတို့အားရောဂါဆိုးစွဲကပ်စေတော် မူ၏။
Common Language Bible
In The King James Version
And he gave them their request; but sent leanness into their soul.
In Context
14သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက် ဘုရားသခင်အားသွေးစမ်းကြ၏။
Cross References
Numbers 11:31ထာဝရဘုရားသည်ပင်လယ်ဘက်မှလေကို တိုက်စေသဖြင့် လေနှင့်အတူငုံးငှက်များပါ လာ၏။ ထိုငုံးငှက်များသည်မြေပြင်အထက် သုံးပေအမြင့်မှပျံသန်းလာ၍ စခန်းအတွင်း နှင့်စခန်းအပြင်မိုင်များစွာပတ်လည်နေရာ အနှံ့အပြားတွင်နားကြလေသည်။-
Isaiah 10:16အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ယခု အခါဝလင်စွာစားရကြသူတို့အားအပြစ် ဒဏ်ခတ်ရန် အနာရောဂါကပ်ရောက်စေတော် မူလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာအတွင်းပိုင်း သည်မီးကဲ့သို့အဆက်မပြတ်ပူလောင်၍ နေလိမ့်မည်။-