Psalms 106:26
သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားတော ကန္တာရတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ သူတို့၏သားမြေးများအားဘုရားမဲ့သူတို့ ထံတွင် ကွဲလွင့်စေလျက်တိုင်းတစ်ပါးတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း ကြပ်တည်းစွာ သတိပေးတော်မူ၏။
Common Language Bible
In The King James Version
Therefore he lifted up his hand against them, to overthrow them in the wilderness:
In Context
Cross References
Exodus 6:8အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ငါကတိထားသောပြည်သို့သင်တို့အားပို့ ဆောင်မည်။ ငါသည်ထိုပြည်ကိုသင်တို့အား အပိုင်ပေးမည်။ ငါသည်ထာဝရဘုရားဖြစ် ၏' ဟူ၍ပြောကြားရမည်'' ဟုမိန့်တော်မူ၏။-
Numbers 14:29သင်တို့သည်တောကန္တာရ၌ပင်သေဆုံး ကြလိမ့်မည်။ ဤတောသည်သင်တို့၏သင်္ချိုင်း ဖြစ်လိမ့်မည်။ သင်တို့သည်ငါ့ကိုအပြစ်တင် ညည်းညူကြသောကြောင့် အသက်နှစ်ဆယ် ကျော်သူတစ်ယောက်မျှထိုပြည်သို့ မဝင်ရ။-
Deuteronomy 1:34``ထာဝရဘုရားသည်သင်တို့၏ညည်းညူ သံကိုကြားရသောအခါအမျက်ထွက်လျက် အလေးအနက်ကြေညာတော်မူ၏။-
Psalms 95:11ငါသည်သူတို့အားအမျက်ထွက်သဖြင့်``သင်တို့ စိတ်အေးချမ်းသာစွာနေထိုင်ရမည့်ပြည်ကို သင်တို့သည်အဘယ်အခါ၌မျှမဝင်ရကြ'' ဟုကျိန်ဆို၏။
Hebrews 3:11ငါသည်အမျက်ထွက်သဖြင့်`သူတို့သည် အဘယ်အခါ၌မျှ ငြိမ်ဝပ်ရာချမ်းသာကိုခံစားရန်၊ြုပည်တော်သို့ ဝင်ကြရလိမ့်မည်မဟုတ်' ဟုငါကျိန်ဆိုခဲ့၏။''
Revelation 10:5ထိုနောက်ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေ သောကောင်းကင်တမန်သည် မိမိ၏လက်ယာ ကိုကောင်းကင်သို့မြှောက်ချီကာ၊-