Psalms 106:40
သို့ဖြစ်၍ထာဝရဘုရားသည်မိမိ၏လူစု တော်အား အမျက်ထွက်တော်မူ၏။ သူတို့အားစက်ဆုပ်ရွံရှာတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 20:23ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံများကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ်သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။-
Deuteronomy 9:29စင်စစ်အားဖြင့်သူတို့သည်ကိုယ်တော်၏လူ မျိုးတော်အဖြစ်ရွေးချယ်၍ အီဂျစ်ပြည်မှ ကိုယ်တော်၏မဟာတန်ခိုးတော်နှင့်လက်ရုံး တော်အားဖြင့် ထုတ်ဆောင်တော်မူခဲ့သူများ ပင်ဖြစ်ကြပါသည်' ဟုတောင်းပန်လျှောက် ထားခဲ့၏။''
Judges 2:14သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။-
Judges 3:8သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အားအမျက်တော်ထွက်သဖြင့် မေသောပေါတာမိဘုရင်ခုရှံရိရှသိမ်အား သူတို့ကိုနှိမ်နင်းအောင်မြင်စေတော်မူ၏။ သူ တို့သည်ရှစ်နှစ်ပတ်လုံးထိုဘုရင်၏လက် အောက်ခံဖြစ်ရကြလေသည်။-
Nehemiah 9:27သို့ဖြစ်၍ကိုယ်တော်ရှင်သည်ရန်သူတို့အား သူတို့ကိုနှိမ်နင်းအုပ်စိုးခွင့်ပေးတော်မူ ပါ၏။ သူတို့သည်ဒုက္ခရောက်သဖြင့်ကူမတော်မူပါဟု အထံတော်သို့အော်ဟစ်ကြပါ၏။ ထိုအခါကိုယ်တော်သည်ကောင်းကင်ဘုံမှ ကြားတော်မူ၍ ကရုဏာတော်ကြီးမားသည်နှင့်အညီ သူတို့အားရန်သူများလက်မှကယ်ဆယ်ရန် ခေါင်းဆောင်များကိုစေလွှတ်တော်မူပါ၏။
Psalms 78:59မိမိ၏လူစုတော်ယင်းသို့ပြုကြသည်ကို တွေ့မြင်တော်မူသောအခါ ကိုယ်တော်သည်အမျက်ထွက်လျက်သူတို့အား လုံးလုံးစွန့်ပစ်တော်မူ၏။