Psalms 106:43
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကြိမ်ဖန်များစွာကယ်ဆယ်တော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်အားပုန်ကန်မြဲ ပုန်ကန်ကြသဖြင့် အပြစ်နွံတွင်ပို၍သာနစ်ကြကုန်၏။
Common Language Bible
In The King James Version
In Context
42သူတို့သည်ရန်သူများ၏ဖိစီးနှိပ်စက်မှုကို ခံရကြကာလက်အောက်ခံများဖြစ်လာရ ကြ၏။
Cross References
Judges 2:16ထိုအခါထာဝရဘုရားသည်သူတို့အား လုယက်တိုက်ခိုက်သူတို့၏လက်မှကယ်ဆယ် မည့်ခေါင်းဆောင်များကိုပေါ်ထွန်းစေတော် မူ၏။-
Judges 6:5သူတို့သည်မိမိတို့၏တဲရှင်များ၊ သိုးနွားများ နှင့်ပြန်လာတတ်ကြ၏။ သူတို့၏အရေအတွက် မှာကျိုင်းကောင်အုပ်ကဲ့သို့များသတည်း။ သူတို့ နှင့်သူတို့၏ကုလားအုတ်များမှာလည်းမရေ မတွက်နိုင်အောင်များပြားသည်။ သူတို့သည် ဝင်ရောက်လာ၍ရှိသမျှကိုဖျက်ဆီးပစ် ကြ၏။-
Judges 10:12ဇိဒုန်အမျိုးသား၊ အာမလက်အမျိုးသား နှင့်မောနိအမျိုးသားတို့သည် သင်တို့အား ညှင်းဆဲနှိပ်စက်ကြသောအခါ ငါ့ထံသို့သင် တို့အော်ဟစ်လျှောက်ထားခဲ့ကြ၏။ ငါသည် လည်းထိုသူတို့လက်မှသင်တို့ကိုကယ်ဆယ် ခဲ့သည်မဟုတ်ပါလော။
1 Samuel 13:19ဟေဗြဲအမျိုးသားတို့ဋ္ဌားလှံလက်နက်များ ပြုလုပ်ခြင်းကိုဖိလိတ္တိအမျိုးသားတို့က ပိတ်ပင်တားမြစ်သဖြင့် ဣသရေလပြည် တွင်ယနေ့တိုင်အောင်ပန်းပဲဆရာများ မရှိချေ။-
Psalms 81:12သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့် သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
Psalms 107:11အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ အမိန့်တော်ကိုဖီဆန်၍ အနန္တတန်ခိုးရှင်၏ညွှန်ကြားချက်များကို ပစ်ပယ်ကြသောကြောင့်ဖြစ်၏။