Psalms 106:46
သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏ စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
Common Language Bible
In The King James Version
He made them also to be pitied of all those that carried them captives.
In Context
Cross References
1 Kings 8:34ကောင်းကင်ဘုံကနေ၍နားထောင်တော်မူပါ။ ကိုယ် တော်၏လူမျိုးတော်ကိုအပြစ်ဖြေလွှတ်တော်မူ၍ ဘိုးဘေးတို့ကိုပေးတော်မူသည့်ပြည်တော်သို့ သူတို့အားပြန်၍ပို့ဆောင်တော်မူပါ။''
2 Chronicles 30:9သင်တို့သည်ထာဝရဘုရား၏ထံတော်သို့ ပြန်လာကြလျှင် သင်တို့၏ဆွေမျိုးသား ချင်းများကိုသုံ့ပန်းအဖြစ်ဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားသူတို့သည်သူတို့အား သနား၍နေရင်းပြည်သို့ပြန်ခွင့်ပြုကြ လိမ့်မည်။ သင်တို့ဘုရားသခင်ထာဝရဘုရား သည်သနားကြင်နာ၍ ကရုဏာထား တော်မူတတ်၏။ သင်တို့သည်အထံတော် သို့ပြန်လာကြလျှင်ကိုယ်တော်သည်သင် တို့အားလက်ခံတော်မူပေအံ့'' ဟုရေး သားဖော်ပြထားသတည်း။
Ezra 9:9အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။
Jeremiah 15:11ထာဝရဘုရားက``ငါသည်ကောင်းကျိုး ရစေအံ့ငှာသင့်ကိုကယ်ဆယ်မည်။ ဘေး အန္တရာယ်ပူပင်သောကရောက်သောအချိန် တွင် သင်၏ရန်သူတို့သည်အထံတော်သို့ လျှောက်လဲပန်ကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။-