Psalms 107:10
အချို့သောသူတို့သည်မှောင်မိုက်အတိဖုံးလွှမ်းရာ အရပ်၌နေထိုင်ရလျက်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက်ဒုက္ခခံရကြ၏။
Common Language Bible
In The King James Version
Such as sit in darkness and in the shadow of death, being bound in affliction and iron;
In Context
Cross References
2 Chronicles 33:11သို့ဖြစ်၍ထာဝရဘုရားသည်အာရှုရိတပ် မတော်နှင့်တပ်မှူးတို့အားယုဒပြည်သို့ချင်း နင်းဝင်ရောက်ခွင့်ပြုတော်မူ၏။ သူတို့သည်မနာ ရှေကိုသံချိပ်များဖြင့်ဆွဲချိပ်ဖမ်းဆီးကာ သံကြိုးများနှင့်ချည်နှောင်ပြီးလျှင်ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားကြ၏။-
Job 36:8သူတို့သည်အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည် နှောင်ခြင်းကို ခံရလျှင်၊
Isaiah 9:2အမှောင်တွင်သွားလာနေသူတို့သည် ကြီးစွာသောအလင်းကိုမြင်ရကြ၏။ သူတို့သည်သေမင်း၏အရိပ်လွှမ်းမိုးရာပြည်တွင် နေထိုင်ခဲ့ရသော်လည်း၊ ယခုအခါသူတို့အပေါ်သို့အလင်းရောင် ကျရောက်လာလေပြီ။
Lamentations 3:6ကိုယ်တော်သည်ငါ့ကိုကြာရှည်စွာဒုက္ခ မှောင်မိုက်တွင်နေစေတော်မူပါ၏။
Matthew 4:16အမှောင်တွင်နေထိုင်ကြသောသူတို့သည် အလင်းရောင်ကြီးကိုမြင်ရလေပြီ။ သေမင်းအရိပ်တွင်နေထိုင်ကြသူတို့၏အပေါ်သို့ အလင်းရောင်သက်ရောက်လိမ့်မည်'' ဟုဟောကြားခဲ့၏။
Luke 1:79သေမင်း၏အရိပ်တွင်နေထိုင်သူများအပေါ် ထွန်းလင်းစေလိမ့်မည်။ ထို့အပြင်ငါတို့အားငြိမ်းချမ်းရေးလမ်းသို့ ပို့ဆောင်စေလိမ့်မည်'' ဟူ၍တည်း။