Psalms 107:33
ထာဝရဘုရားသည်မြစ်များကိုလုံးဝ ခန်းခြောက်စေတော်မူ၏။ စမ်းချောင်းများကိုလည်းဆို့ပိတ်၍ထားတော်မူ၏။
Common Language Bible
In The King James Version
He turneth rivers into a wilderness, and the watersprings into dry ground;
In Context
Cross References
1 Kings 18:5အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။-
Isaiah 13:19ဗာဗုလုန်မြို့သည်မြို့တကာတို့တွင်အလှဆုံး ဖြစ်၍ မြို့သူမြို့သားတို့ဂုဏ်ယူဝါကြွားရာ ဖြစ်ပေသည်။ သို့ရာတွင်ငါထာဝရဘုရားသည် သောဒုံနှင့်ဂေါမောရမြို့တို့ကိုပြုခဲ့သည်နည်း တူဗာဗုလုန်မြို့ကိုလည်းပျက်သုဉ်းစေမည်။-
Isaiah 34:9ဧဒုံပြည်မှမြစ်တို့သည်ကတ္တရာစေး အဖြစ်သို့လည်းကောင်း၊ မြေဆီလွှာသည် ကန့်အဖြစ်သို့လည်းကောင်းပြောင်းလဲသွား လိမ့်မည်။ ထိုပြည်တစ်ခုလုံးသည်ကတ္တရာ စေးကဲ့သို့မီးစွဲလောင်၍နေလိမ့်မည်။-
Isaiah 44:27ငါသည်အမိန့်ပေး၍သမုဒ္ဒရာကိုခန်းခြောက် စေ၏။
Jeremiah 14:3ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည် ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။ သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။ သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
Joel 1:20စားကျက်များမီးသင့်လောင်ထားသကဲ့သို့ စမ်းချောင်းများသည်လည်းခန်းခြောက်၍သွားလေပြီ။ ထို့ကြောင့်တောတိရစ္ဆာန်များပင်လျှင်အထံတော်သို့ဟစ်အော်ကြပါ၏။