Psalms 107:5
သူတို့သည်အစာငတ်ရေငတ်ကြလျက် စိတ်ပျက်အားလျော့ကြ၏။
Common Language Bible
In The King James Version
Hungry and thirsty, their soul fainted in them.
In Context
Cross References
Exodus 17:3သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
1 Samuel 30:11ဒါဝိဒ်နှင့်ပါလာသောလူတို့သည် အီဂျစ် အမျိုးသားလူငယ်တစ်ယောက်ကိုကျေးတော တွင်တွေ့၍ဒါဝိဒ်ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ သူတို့သည်ထိုလူငယ်အားအစားအစာ နှင့်ရေကိုလည်းကောင်း၊-
Isaiah 44:12ပန်းပဲသမားသည်သံကိုယူပြီးလျှင်မီးတွင် ဖုတ်၏။ ထိုနောက်မိမိ၏သန်မာသောလက်ရုံး ကိုလွှဲ၍သံတူနှင့်ထုကာပုံဖော်ပေး၏။ သူ သည်အစာရေစာမွတ်သိပ်၍မောပန်းတတ် သူဖြစ်၏။
Lamentations 2:19တစ်ညလုံးအကြိမ်ကြိမ်အဖန်ဖန်ထ၍ ထာဝရဘုရားထံတော်သို့အော်ဟစ်လော့။ ထာဝရဘုရားရှေ့တော်၌သင်၏စိတ်နှလုံးကို သွန်ချလျက်၊ သင်၏သားသမီးများအတွက် အသနားခံတောင်းပန်လော့။ သင့်သားသမီးများလမ်းဆုံလမ်းခွတိုင်းတွင် အစာငတ်၍သေရကြလေပြီ။