Psalms 109:16
ထိုသူသည်အဘယ်အခါ၌မျှသနား ကြင်နာရန် စိတ်မကူးခဲ့။ ဆင်းရဲသူ၊ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့ သူတို့အားညှဉ်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 42:21ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။
2 Samuel 17:1အဟိသောဖေလက``အကျွန်ုပ်သည်လူ တစ်သောင်းနှစ်ထောင်ရွေးချယ်၍ ဒါဝိဒ် နောက်သို့ယနေ့ညဥ့်ပင်လိုက်ပါရစေ။-
Job 19:21အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။
Psalms 10:14သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
Psalms 37:14သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အား သတ်ဖြတ်ရန်လည်းကောင်း၊မှန်ရာကိုပြုသူတို့ အား အဆုံးစီရင်ရန်လည်းကောင်း ဋ္ဌားများကိုဆွဲထုတ်၍လေးများကို တင်ကြ၏။
Psalms 69:20အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။