Psalms 109:24
အစားအစာချို့တဲ့မှုကြောင့်ကျွန်တော်မျိုး၏ ဒူးတို့သည်ချည့်နဲ့လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် အရိုးနှင့်အရေသာရှိပါ၏။
Common Language Bible
In The King James Version
My knees are weak through fasting; and my flesh faileth of fatness.
In Context
25လူတို့သည်ကျွန်တော်မျိုးကိုမြင်သောအခါ ပြက်ရယ်ပြုကြပါ၏။ ဦးခေါင်းကိုခါကြ ပါ၏။
Cross References
Psalms 22:14ကျွန်တော်မျိုး၏ခွန်အားသည်မြေကြီးပေါ်တွင် ဖိတ်သည့်ရေကဲ့သို့ခန်းခြောက်သွားပါ၏။ ကျွန်တော်မျိုး၏အရိုးအားလုံးသည် အဆစ်ပြုတ်လျက်နေပါ၏။ ရင်တွင်းမှနှလုံးသားသည်အရည်ပျော် သော ဖယောင်းကဲ့သို့ဖြစ်၍နေပါ၏။
Psalms 35:13ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
Psalms 69:10ကျွန်တော်မျိုးသည်အစာရှောင်ခြင်းအားဖြင့် မိမိကိုယ်ကိုနှိမ့်ချသောအခါလူတို့သည် ကျွန်တော်မျိုးအားစော်ကားကြပါ၏။
Psalms 102:4ကျွန်တော်မျိုးသည်မြက်ပင်ကဲ့သို့အထိအခိုက် ခံရ၍ညှိုးနွမ်းလျက်ရှိပါ၏။ ကျွန်တော်မျိုးမှာအစားစားချင်စိတ်မရှိ တော့ပါ။
2 Corinthians 11:27အလုပ်ကိုပင်ပန်းခက်ခဲစွာလုပ်ကိုင်ရခြင်း မကြာခဏအအိပ်ပျက်ခြင်း၊ ဆာလောင် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ ဝအောင်မစားရခြင်း၊ အအေးဒဏ်ခံရ ခြင်း၊ ဝတ်စရာလည်းလုံလောက်စွာမရှိ ခြင်းများကိုငါခံရ၏။-