Psalms 109:26
ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ကျွန်တော်မျိုးအားကယ်တော် မူပါ။
Common Language Bible
In The King James Version
Help me, O LORD my God: O save me according to thy mercy:
In Context
25လူတို့သည်ကျွန်တော်မျိုးကိုမြင်သောအခါ ပြက်ရယ်ပြုကြပါ၏။ ဦးခေါင်းကိုခါကြ ပါ၏။
Cross References
Psalms 57:1ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ အို ဘုရားသခင်၊ သနားတော်မူပါ။ မိုးသက်မုန်တိုင်းလွန်သွားသည်အထိ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
Psalms 69:16အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းမြတ်သည်ဖြစ်၍ကျွန်တော်မျိုး၏ ပန်ကြားခြင်းကိုနားညောင်းတော်မူပါ။ ကိုယ်တော်ရှင်သည်လွန်စွာသနားကြင်နာ တော်မူတတ်သည်ဖြစ်၍ ကျွန်တော်မျိုးအားလှည့်၍ကြည့်တော်မူပါ။
Hebrews 5:7ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-