The Bible Software
Psalms · Common Language Bible

Psalms 11

1ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။

2

3

4ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​ကောင်း​ကင်​ဘုံ တွင် ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၍ သူ​တို့​ပြု​သော​အ​မှု​အ​ရာ​များ​ကို​သိ​မြင် တော်​မူ​၏။

5ကိုယ်​တော်​သည်​သူ​တော်​ကောင်း​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​ကို​လည်း​ကောင်း​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၏။ တ​ရား​လက်​လွတ်​ပြု​မူ​သော​သူ​တို့​ကို လွန်​စွာ​မုန်း​တော်​မူ​၏။

6ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​အ​ပေါ်​သို့ မီး​ကျီး​ခဲ​များ​ကို​လည်း​ကောင်း၊ပူ​လောင်​လှ​သည့် မီး​လျှံ​ကို​လည်း​ကောင်း​ကျ​စေ​တော်​မူ​၏။ သူ​တို့​အား​ပူ​လောင်​လှ​သော​လေ​ပူ​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။

7ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​တော်​မူ​၍ အ​ကျင့်​ကောင်း​ကို​နှစ်​သက်​တော်​မူ​၏။ အ​ကျင့်​ကောင်း​ကို​ပြု​သူ​တို့​သည်​ကိုယ်​တော်​၏ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

← Psalms 10Read In The App, Free →Psalms 12 →

Study Psalms 11

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150