The Bible Software
Psalms · Common Language Bible

Psalms 110

1ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​၏​ရန်​သူ​များ​ကို​သင်​၏ ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ ယင်း​သို့​မ​ဖြစ်​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက် တွင် ထိုင်​နေ​လော့'' ဟု ငါ​၏​အ​ရှင်​မင်း​မြတ်​အား​မိန့်​တော်​မူ​၏။

2ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​ရာ​ဇ​အာ​ဏာ ကို ဇိ​အုန်​မြို့​မှ​နေ​ရာ​အ​နှံ့​အ​ပြား​သို့​တိုင်​အောင် တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​က​အ​ရှင့်​အား``သင်​၏​ရန်​သူ​တို့​ကို အုပ်​စိုး​လော့'' ဟု​မိန့်​တော်​မူ​၏။

3ရန်​သူ​တို့​အား​အ​ရှင်​မင်း​ကြီး​တိုက်​ခိုက် တော်​မူ​သော​နေ့​၌ အ​ရှင်​၏​ပြည်​သား​တို့​သည်​အ​လို​အ​လျောက် ကိုယ်​တော်​နှင့်​လိုက်​ပါ​ချီ​တက်​ကြ​ပါ​လိမ့်​မည်။ နံ​နက်​ချိန်​၌​ကျ​သည့်​ဆီး​နှင်း​ကဲ့​သို့​သန်​စွမ်း သော လူ​ငယ်​လူ​ရွယ်​အ​မြောက်​အ​မြား​သည် အ​ရှင်​မင်း​ကြီး​ရှိ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​ပေါ်​သို့​ရောက်​ရှိ​ကြ​ပါ​လိမ့်​မည်။

4``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​မေ​လ​ခိ ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​ကျိန်​ဆို က​တိ​ပေး​တော်​မူ​သည်​ဖြစ်​ရာ ထို​က​တိ​တော်​ကို​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ လိမ့်​မည် မ​ဟုတ်​ပါ။

5ဘု​ရား​ရှင်​သည်​အ​ရှင်​မင်း​ကြီး​၏​လက်​ယာ ဘက်​တွင် ရှိ​တော်​မူ​ပါ​၏။ အ​မျက်​ထွက်​တော်​မူ​ရာ​နေ့​ရက်​၌​ကိုယ်​တော် သည် ဘု​ရင်​အ​ပေါင်း​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

6လူ​မျိုး​တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ ရာ​တွင် စစ်​တ​လင်း​ကို​လူ​သေ​ကောင်​များ​နှင့် ပြည့်​နှက်​စေ​တော်​မူ​လိမ့်​မည်။ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ရှိ​ဘု​ရင်​တို့​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

7မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​စမ်း​ချောင်း​မှ ရေ​ကို​သောက်​လျက်​အား​အင်​ပြည့်​တင်း​လာ​ကာ အောင်​ပွဲ​ကို​ခံ​တော်​မူ​လိမ့်​မည်။

← Psalms 109Read In The App, Free →Psalms 111 →

Study Psalms 110

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150