Psalms 113:9
ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
Common Language Bible
In The King James Version
He maketh the barren woman to keep house, and to be a joyful mother of children. Praise ye the LORD.
In Context
Cross References
Genesis 25:21ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။-
Numbers 5:28သို့ရာတွင်အမျိုးသမီးသည် ကူးလွန်မှုမရှိ ခဲ့သော် ဘေးမသင့်ဘဲသားသမီးမွေးဖွား နိုင်စွမ်းရှိလိမ့်မည်။
2 Kings 4:17သို့ရာတွင်နောင်တစ်နှစ်ဤအချိန်လောက်၌ အမျိုး သမီးသည်သားယောကျာ်းကိုဖွားမြင်လေသည်။
Isaiah 54:1အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။
Galatians 4:27အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က၊ ``အချင်းမိန်းမမြုံ၊ သင်သည်ကိုယ်ဝန်မဆောင်ဘူးသော်လည်း ရွှင်လန်းဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကိုမခံဘူးသော်လည်း ကြွေးကြော်အော်ဟစ်လော့။ လင်ယောကျာ်းစွန့်ပစ်၍ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်ပင်ပို၍သားသမီး များကို ရရှိလိမ့်မည်'' ဟုဖော်ပြသောကြောင့်ဖြစ်၏။