The Bible Software
Psalms · Common Language Bible

Psalms 114

1ယာ​ကုပ်​၏​သား​မြေး​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် နိုင်​ငံ​ရပ်​ခြား​အီ​ဂျစ်​ပြည်​မှ​ထွက်​သွား​ကြ သော​အ​ခါ၊

2ယု​ဒ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​သော​လူ​စု​တော်​ဖြစ်​လာ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​တော် ပိုင်​တော်​မူ​သော​လူ​စု​တော်​ဖြစ်​လာ​ကြ​၏။

3ပင်​လယ်​နီ​သည်​မြင်​၍​ထွက်​ပြေး​လေ​၏။ ယော်​ဒန်​မြစ်​သည်​မ​စီး​တော့​ဘဲ​ရပ်​တန့် သွား​၏။

4တောင်​ကြီး​တို့​သည်​ဆိတ်​များ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ငယ်​တို့​သည်​သိုး​များ​ကဲ့​သို့​လည်း​ကောင်း ခုန်​ပေါက်​ကြ​၏။

5အ​ချင်း​ပင်​လယ်၊သင်​သည်​အ​ဘယ်​ကြောင့် ထွက်​ပြေး​ပါ​သ​နည်း။ အ​ချင်း​ယော်​ဒန်​မြစ်၊သင်​သည်​အ​ဘယ်​ကြောင့် မ​စီး​ဘဲ​ရပ်​တန့်​ပါ​သ​နည်း။

6တောင်​ကြီး​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ဆိတ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ​သ​နည်း။ တောင်​ငယ်​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် သိုး​သ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ သ​နည်း။

7အ​ချင်း​မြေ​ကြီး၊ယာ​ကုပ်​၏​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​၌ ရှေ့​တော်​တွင် တုန်​လှုပ်​လျက်​နေ​လော့။

8ကိုယ်​တော်​သည်​ကျောက်​တောင်​ကို​ရေ​အိုင်၊ ကျောက်​ဆောင်​ကို​စမ်း​ချောင်း​ဖြစ်​စေ​တော် မူ​၏။

← Psalms 113Read In The App, Free →Psalms 115 →

Study Psalms 114

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150