Psalms 116:1
ထာဝရဘုရားသည်ငါ၏ပန်ကြား လျှောက်ထားချက်ကိုကြားတော်မူသည်ဖြစ်၍ ငါသည်ကိုယ်တော်ကိုချစ်မြတ်နိုး၏။ ကိုယ်တော်သည်ငါ၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူ၏။
Common Language Bible
In The King James Version
I love the LORD, because he hath heard my voice and my supplications.
In Context
2ငါလျှောက်ထားသည့်အခါတိုင်းကိုယ်တော် နားထောင်တော်မူ၏။
Cross References
Genesis 35:2ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
1 Samuel 1:26ဟန္နကဧလိအား``အရှင်၊ ကျွန်မသည်အထက် ကအရှင်၏အနီး၌ရပ်လျက် ထာဝရဘုရား ထံသို့ဆုတောင်းပတ္ထနာပြုသောမိန်းမဖြစ် ပါ၏။-
Psalms 18:1အို ထာဝရဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်အားအလွန်ပင် ချစ်ခင်မြတ်နိုးပါ၏။ ကိုယ်တော်သည်လည်းကျွန်တော်မျိုးအား ကာကွယ်တော်မူသောအရှင်ဖြစ်တော်မူပါ၏။
Psalms 28:6ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်ငါအော်ဟစ်သည်ကို ကိုယ်တော်ကြားတော်မူပြီ။
Psalms 34:3ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုငါနှင့် အတူ ကြွေးကြော်ကြလော့။ ငါတို့သည်အတူတကွကိုယ်တော်၏နာမတော် ကို ထောမနာပြုကြကုန်အံ့။
Psalms 66:19သို့ရာတွင်ဘုရားသခင်သည်ငါ၏လျှောက်ထားချက်ကို အမှန်ပင်ကြားတော်မူလေပြီ။ ငါ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူလေပြီ။