The Bible Software
bible.software › Psalms › Psalms 116 › Psalms 116:13

Psalms 116:13

ငါ့​ကို​ကယ်​တော်​မူ​သည့်​အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​စ​ပျစ်​ရည်​ကို ပူ​ဇော်​မည်။

Common Language Bible

In The King James Version

I will take the cup of salvation, and call upon the name of the LORD.

In Context

12ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​များ​အ​တွက်​ငါ​သည်​ကိုယ်​တော်​အား အ​ဘယ်​အ​ရာ​ကို​ပူ​ဇော်​ရ​ပါ​မည်​နည်း။

14ငါ​သည်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ခဲ့ သည့်​အ​တိုင်း ကိုယ်​တော်​၏​လူ​စု​တော်​စု​ဝေး​ရာ​တွင် မိ​မိ​၏​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။

Read all of Psalms 116

Cross References

Psalms 16:5အို ထာ​ဝ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှီ​ခို​ရာ​ကိုယ်​တော်​ရှင်​တစ်​ပါး သာ​လျှင် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​လို​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို​လည်း ကိုယ်​တော်​ရှင်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​နာ​ဂတ်​သည်​ကိုယ်​တော်​၏ လက်​ဝယ်​ရှိ​ပါ​၏။

Psalms 105:1ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ကြလော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။

Psalms 116:17ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရာ​ယဇ်​ကို​ပူ​ဇော် ပါ​မည်။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။

Luke 22:17ထို​နောက်​ကိုယ်​တော်​သည်​စ​ပျစ်​ရည်​ခွက်​ကို​ယူ ၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​ပြီး​လျှင် ``ဤ​စ​ပျစ်​ရည်​ခွက်​ကို​ယူ ကြ​လော့။ အ​ချင်း​ချင်း​ဝေ​၍​သောက်​ကြ​လော့။-

1 Corinthians 10:16ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၍ ပွဲ​တော်​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​ကြ​သော​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​ကို ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ်​လော။ မုန့်​ကို စား​သော​အ​ခါ​၌​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ် လော။-

1 Corinthians 11:25ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ယူ​တော်​မူ​လျက် ``ဤ ခွက်​ဖ​လား​ကား​ငါ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက်​သည့် အ​ခါ​တိုင်း​ငါ့​ကို​သ​တိ​ရ​ခြင်း​ငှာ​သောက် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 116:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 116:12Psalms 116Psalms 116:14 →