Psalms 116:8
ထာဝရဘုရားသည်ငါ့အသက်ကို သေဘေးမှလည်းကောင်း၊ ငါ့မျက်စိကိုမျက်ရည်ကျခြင်းမှလည်း ကောင်း၊ ငါ၏ခြေကိုချော်လဲခြင်းမှလည်းကောင်း ကယ်တော်မူပြီ။
Common Language Bible
In The King James Version
For thou hast delivered my soul from death, mine eyes from tears, and my feet from falling.
In Context
Cross References
Psalms 37:24ထာဝရဘုရားသည်သူတို့အား ကူမတော်မူမည်ဖြစ်၍သူတို့သည်လဲ သော်လည်း မထဘဲနေလိမ့်မည်မဟုတ်။
Psalms 56:13အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍ အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည် အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။
Psalms 94:18အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ခြေချော်၍လဲပြီဟု ထင်ရသောအခါ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကျွန်တော်မျိုးအားချီပင့်ထားတော်မူပါ၏။
Isaiah 38:5ဟေဇကိထံသို့ပြန်လည်စေလွှတ်တော်မူ ကာ``သင်၏ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည် များကိုမြင်တော်မူပြီ။ ငါသည်သင့်အား နောက်ထပ်တစ်ဆယ့်ငါးနှစ်အသက်ရှင်စေ မည်။-
Revelation 21:4ကိုယ်တော်သည်သူတို့၏မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် ရှိကြတော့မည်မဟုတ်။ ရှေးအရာတို့သည် ပျောက်ကွယ်သွားပြီ'' ဟုဆို၏။