Psalms 118:12
သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 17:45ဒါဝိဒ်က``သင်သည်ဋ္ဌား၊ ပစ်လှံ၊ ထိုးလှံတို့နှင့် သာလာ၏။ ငါမူကားသင်အံတုသည့်ဣသရေ လစစ်သည်တော်တို့၏ဘုရားဖြစ်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရား၏နာမတော် နှင့်လာ၏။-
1 Chronicles 14:10ဒါဝိဒ်က``ကျွန်တော်မျိုးသည်ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော် မူပါမည်လော'' ဟုဘုရားသခင်အားမေး လျှောက်၏။ ထာဝရဘုရားက``တိုက်လော့၊ ငါသည်သင့် အားအောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့် တော်မူ၏။
2 Chronicles 14:11မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
2 Chronicles 20:17သင်တို့သည်ဤတိုက်ပွဲကိုဆင်နွဲရကြမည် မဟုတ်။ နေရာသာယူ၍စောင့်နေကြလော့။ ထာဝရဘုရားသည်သင်တို့အားအောင်ပွဲ ခံစေတော်မူသည်ကိုတွေ့ရကြလိမ့်မည်။ ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့၊ မတွန့်မဆုတ်ကြနှင့်။ မကြောက် မလန့်ဘဲတိုက်ပွဲသို့ဝင်ကြလော့။ ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ လိမ့်မည်'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။
Psalms 8:9အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကိုကမ္ဘာမြေ တစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
Psalms 20:5ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။