Psalms 118:22
တိုက်ကိုတည်ဆောက်သူတို့ပစ်ပယ်ထားသော ကျောက်သည်အရေးအကြီးဆုံးဖြစ်သော ထောင့်ချုပ်ကျောက်ဖြစ်လာရ၏။
Common Language Bible
In The King James Version
The stone which the builders refused is become the head stone of the corner.
In Context
Cross References
Zechariah 4:7တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
Mark 12:10`တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
Acts 4:11`တိုက်ကိုတည်ဆောက်ရာတွင် သင်တို့ပယ်ထားသည့်ကျောက်သည် အရေးကြီးဆုံးဖြစ်သည့်ထောင့်ချုပ်ကျောက် ဖြစ်လာရ၏' ဟုကျမ်းစာကရည်ညွန်းသူမှာထိုအရှင် ဖြစ်သည်။-
1 Peter 2:4သို့ဖြစ်၍ထာဝရဘုရားသခင်၏ထံတော် သို့လာကြလော့။ ထိုသခင်သည်သက်ရှိကျောက် ဖြစ်တော်မူ၏။ ထိုကျောက်သည်အဖိုးမတန် ဟုဆို၍ လူတို့ပစ်ပယ်ခံရသော်လည်းဘုရား သခင်၏ရွေးချယ်ခံအဖိုးတန်ကျောက်ဖြစ် တော်မူ၏။-