Psalms 118:24
ဤနေ့ရက်သည်ထာဝရဘုရားအောင်ပွဲ ခံတော်မူသောနေ့ရက်ဖြစ်၍ ငါတို့သည်ဝမ်းမြောက်ရွှင်လန်းစွာကျင်းပ ကြကုန်အံ့။
Common Language Bible
In The King James Version
This is the day which the LORD hath made; we will rejoice and be glad in it.
In Context
Cross References
2 Chronicles 20:26လေးရက်မြောက်သောနေ့၌သူတို့သည်ဗရာခ ချိုင့်ဝှမ်းတွင်စုရုံးကြလျက် ဘုရားသခင်ပြု တော်မူသောကျေးဇူးတော်အပေါင်းအတွက် ကိုယ်တော်အားထောမနာပြုကြကုန်၏။ ဤ သည်ကိုအကြောင်းပြု၍ထိုချိုင့်ဝှမ်းကို ဗရာခ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။-
Psalms 84:10ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်တစ်ရက်မျှ နေရခြင်းသည် အခြားသောအရပ်တွင်ရက်ပေါင်းတစ်ထောင် နေရခြင်းထက်သာ၍မြတ်ပါ၏။ ဘုရားသခင်၏အိမ်တော်တံခါးစောင့်ဖြစ်ရ ခြင်းသည် သူယုတ်မာတို့၏အိမ်တွင်နေရခြင်းထက် သာ၍မြတ်ပါ၏။
Zechariah 3:9မှန်ကူကွက်ခုနစ်ခုရှိသောကျောက်တုံးကို လည်း ယောရှု၏ရှေ့တွင်ငါချထားမည်။ ထို ကျောက်ပေါ်တွင်ကမ္ပည်းရေးထိုးပြီးလျှင် ဤ ပြည်၏အပြစ်ဒုစရိုက်ကိုတစ်နေ့ချင်း တွင်းပယ်ရှားပစ်မည်။-''
John 20:19တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။-
Revelation 1:10သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။-