Psalms 119:19
ကွန်တော်မျိုးသည်ဤကမ္ဘာမြေပေ"တွင် ခေတ္တခဏမှသာနေရပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို ကွန်တော်မျိုးထံမှဝှက်ထားတော်မမူပါ နှင့်။
Common Language Bible
In The King James Version
I am a stranger in the earth: hide not thy commandments from me.
In Context
Cross References
1 Chronicles 29:15အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည် ဘိုးဘေးများနည်းတူပြည်နှင်ဒဏ်ခံရ ကြသူများနှင့်သူစိမ်းတစ်ရံဆံများကဲ့ သို့ဤဘဝတွင်ကျင်လည်ရကြကြောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော် မျိုးတို့၏နေ့ရက်များသည်ရှည်လျား လျက်နေသောအရိပ်ကဲ့သို့ဖြစ်၍ ကျွန် တော်မျိုးတို့သည်သေဘေးနှင့်မလွတ် နိုင်ကြပါ။-
Psalms 39:12အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးငိုယိုသောအခါကူမရန်ကြွ တော်မူပါ။ ဘိုးဘေးတို့ကဲ့သို့ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ဧည့်သည်အဖြစ်နှင့် ခဏမျှသာနေရပါ၏။
Psalms 119:10ကွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်၏ အစေကိုခံနိုင်ရန်ကြိုးစားပါမည်။ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ ပညတ်တော်တို့မှသွေဖည်၍မသွားပါစေနှင့်။
Luke 9:45သို့ရာတွင်တပည့်တော်တို့သည်ထိုစကားကို နားမလည်ကြ။ ယင်းသို့နားမလည်ကြစေရန် အနက်အဋ္ဌိပ္ပါယ်ကွယ်ဝှက်လျက်ရှိသတည်း။ သူ တို့သည်လည်းကိုယ်တော်အားမမေးမလျှောက် ဝံ့ကြ။
2 Corinthians 5:6သို့ဖြစ်၍ငါတို့သည်အစဉ်ရဲရင့်သောစိတ်ရှိ ကြပေသည်။ ဤကိုယ်ခန္ဓာနေအိမ်၌ရှိနေသမျှ ကာလပတ်လုံးငါတို့သည်သခင်ဘုရား၏ အိမ်တော်နှင့်ဝေးကွာလျက်ရှိကြ၏။-
1 Peter 2:11ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။-