Psalms 119:21
ကိုယ်တော်ရှင်သည်မာန်မာနကြီးသူတို့ကို ကြပ်တည်းစွာဆိုဆုံးမတော်မူပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်မားမှ သွေဖည်သွားကြသူတို့သည်အမင်္ဂလာရှိကြ၏။
Common Language Bible
In The King James Version
Thou hast rebuked the proud that are cursed, which do err from thy commandments.
In Context
Cross References
Exodus 10:3မောရှေနှင့်အာရုန်တို့သည် ဘုရင်ထံသို့သွား ၍ ``သင်သည်ငါ၏အမိန့်ကိုမည်မျှကြာအောင် မနာခံဘဲနေမည်နည်း။ ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
Deuteronomy 27:15`` `ကျောက်ရုပ်တု၊ သစ်သားရုပ်တုသို့မဟုတ် သတ္တုရုပ်တုကိုထုလုပ်၍ တိတ်တဆိတ်ဝတ် ပြုကိုးကွယ်သူသည် ဘုရားသခင်ကျိန်ခြင်း ကိုခံစေသတည်း။ ထာဝရဘုရားသည်ရုပ်တု ကိုးကွယ်မူကိုရွံရှာတော်မူ၏' ဟုကျိန်ဆို လိုက်သောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။
Deuteronomy 28:15``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Nehemiah 9:16သို့ရာတွင်အကျွန်ုပ်တို့ဘိုးဘေးများသည် မာန်မာနထောင်လွှားကာ ခေါင်းမာလာပြီးလျှင်ကိုယ်တော်၏အမိန့်တော် တို့ကို မလိုက်နာကြပါ။
Job 40:11သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။
Psalms 119:78မာန်မာနကြီးသူတို့သည်ကွန်တော်မျိုးအား လိမ်လည် စွပ်စွဲကြသည့်အတွက်အရှက်ရကြပါစေသော။ ကွန်တော်မျိုးအဖို့မှာမူကိုယ်တော်ရှင်၏ ဥပဒေသတော်တို့ကိုဆင်ခြင်ပါမည်။