Psalms 119:66
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို ကိုးစားသည်ဖြစ်၍ ကွန်တော်မျိုးအားဉာဏ်ပညာနှင့်အသိပညာကို ပေးတော်မူပါ။
Common Language Bible
In The King James Version
Teach me good judgment and knowledge: for I have believed thy commandments.
In Context
Cross References
1 Kings 3:9သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။
Nehemiah 9:13ကိုယ်တော်သည်ကောင်းကင်ဘုံမှဆင်းသက်တော်မူ၍ သိနာတောင်တွင်ကိုယ်တော်၏လူမျိုးတော်အား မိန့်မြွက်တော်မူပါ၏။ သူတို့အားမွန်မြတ်သည့်ပညတ်တော်များနှင့် မှန်ကန်သောသြဝါဒများကိုပေးတော်မူ ပါ၏။
Psalms 119:34ကိုယ်တော်ရှင်၏တရားတော်ကိုရှင်းလင်း ဖော်ပြတော်မူပါ။ ယင်းကိုကွန်တော်မျိုးသည်လိုက်နာပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ထိန်းပါမည်။
Psalms 119:160ကိုယ်တော်ရှင့်တရားတော်၏အခက်အခာမှာ သစ္စာတရားပင်ဖြစ်ပါ၏။ ဖြောင့်မှန်သောစီရင်တော်မူခက်အပေါင်းတို့သည် ထာဝစဉ်တည်ပါ၏။
Proverbs 2:1ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
Isaiah 11:2သူသည်မိမိပြည်သူတို့အားအုပ်စိုးရန် ဉာဏ်ပညာ၊ အသိပညာနှင့်၊ စွမ်းရည်ကို ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုး အားဖြင့်ရလိမ့်မည်။ သူသည်ထာဝရဘုရား၏အလိုတော်ကိုသိ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေလိမ့်မည်။