Psalms 119:96
ကိုယ်တော်ရှင်၏ပညတ်တော်မှတစ်ပါး အဘယ်အရာမှပြီးပြည့်စုံလင်ခြင်း မရှိကြောင်းကိုကွန်တော်မျိုးသိမြင်လာ ပါ၏။
Common Language Bible
In The King James Version
I have seen an end of all perfection: but thy commandment is exceeding broad.
In Context
Cross References
1 Samuel 17:8ဂေါလျတ်သည်ရပ်လျက်ဣသရေလအမျိုးသား တို့အား``သင်တို့သည်အဘယ်ကြောင့်ဤအရပ်သို့ လာကြသနည်း။ စစ်တိုက်ရန်လော။ အချင်းရှောလု ၏ကျွန်တို့၊ ငါသည်ဖိလိတ္တိအမျိုးသားဖြစ်၏။ ငါနှင့်စစ်ထိုးရန်သင်တို့အထဲမှလူတစ် ယောက်ကိုရွေးချယ်ကြလော့။-
1 Samuel 31:4မင်းကြီးသည်လက်နက်ဆောင်လူငယ်အား``ဤ ဘုရားမဲ့သူဖိလိတ္တိအမျိုးသားတို့သည်နှစ် ထောင်းအားရဖြစ်လျက် ငါ့ကိုညှင်းဆဲသတ် ဖြတ်မှုမပြုနိုင်စေရန် သင်သည်မိမိ၏ဋ္ဌား ကိုထုတ်၍ငါ့အားသတ်ပါလော့'' ဟုဆို၏။ သို့ရာတွင်ထိုလူငယ်သည်ကြောက်အားကြီး သဖြင့် မသတ်ရဲသောကြောင့်ရှောလုသည် မိမိ၏ဋ္ဌားကိုယူ၍ထောင်ပြီးလျှင် ထို ဋ္ဌားပေါ်တွင်လှဲချလျက်သေလေသည်။-
2 Samuel 16:23ထိုစဉ်အခါကလူတို့သည်အဟိသော ဖေလပေးသည့်အကြံကို ဘုရားသခင် ၏ဗျာဒိတ်တော်သဖွယ်မှတ်ယူတတ်ကြ၏။ ဒါဝိဒ်နှင့်အဗရှလုံတို့လည်းမှတ်ယူ ကြသတည်း။
2 Samuel 18:14ယွာဘက``ငါသည်သင်နှင့်ထပ်မံ၍အချိန် မဖြုန်းလိုတော့ပြီ'' ဟုဆိုပြီးလျှင်လှံသုံး စင်းကိုယူ၍ဝက်သစ်ချပင်မှတွဲလွဲကျ လျက် အသက်ရှင်နေသောအဗရှလုံ၏ ရင်ကိုထုတ်ချင်းပေါက်ထိုးလေသည်။-
Psalms 19:7ထာဝရဘုရား၏တရားတော်သည်ပြီးပြည့် စုံလင်အောင်ကောင်းမြတ်သည်ဖြစ်၍စိတ်ဝိညာဉ် ကို ပြန်လည်သစ်လွင်လန်းဆန်းစေတတ်၏။ ဘုရားသခင်၏သွန်သင်တော်မူချက်တို့သည် အားကိုးအားထားထိုက်သည်ဖြစ်၍ မလိမ္မာသူတို့ကိုလိမ္မာစေတတ်၏။
Ecclesiastes 1:2အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။