The Bible Software
Psalms · Common Language Bible

Psalms 12

1အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ သူ​တော်​ကောင်း​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ တော့​ပါ။ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ကို​လည်း​ရှာ​၍ မ​တွေ့​နိုင်​တော့​ပါ။

2လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။

3အို ထာ​ဝ​ရ​ဘု​ရား မြှောက်​ပင့်​ပြော​ဆို​တတ်​သည့်​လျှာ​များ​ကို ဖြတ်​ပစ်​တော်​မူ​ပါ။ ဝါ​ကြွား​တတ်​သူ​တို့​၏​နှုတ်​များ​ကို​လည်း ပိတ်​တော်​မူ​၏။

4ဝါ​ကြွား​တတ်​သူ​တို့​က``ငါ​တို့​သည်​မိ​မိ​တို့​၏ စ​ကား​အား​ဖြင့်​လို​ချင်​သည့်​အ​ရာ​ကို​ရ​ရှိ ကြ​၏။ ငါ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​အ​တိုင်း​ပြော ဆို​မည်။ အ​ဘယ်​သူ​မျှ​ငါ​တို့​အား​ဆီး​တား​၍​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​ကြ​၏။

5ထာ​ဝ​ရ​ဘု​ရား​က ``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။ သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

6ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​၏။ မီး​ဖို​၌​ခု​နစ်​ကြိမ်​ချွတ်​ပြီး​သော​ငွေ​စင်​ကဲ့​သို့ ယုံ​ကြည်​စိတ်​ချ​နိုင်​၏။

7အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​ပင် ဘေး​လွတ်​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​ပါ။

8သူ​ယုတ်​မာ​တို့​သည်​နေ​ရာ​တ​ကာ​တွင်​ရှိ​၏။ လူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို​ချီး​ကူး​ကြ​၏။

← Psalms 11Read In The App, Free →Psalms 13 →

Study Psalms 12

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150