The Bible Software
Psalms · Common Language Bible

Psalms 122

1သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ ငါ​တို့​သွား​ကြ​ကုန်​အံ့'' ဟု​ဆို​သော​အ​ခါ ငါ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။

2ယ​ခု​အ​ခါ​ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​အ​တွင်း​ရပ်​လျက်​ရှိ​နေ​ကြ​ပါ​၏။

3ယေ​ရု​ရှ​လင်​မြို့​သည်​တင့်​တယ်​လျောက်​ပတ်​စွာ ပြန်​လည်​တည်​ဆောက်​ထား​သော​မြို့​ဖြစ်​ပေ​၏။

4ဤ​မြို့​သည်​ဘု​ရား​သ​ခင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် ဣ​သ​ရေ​လ​အ​နွယ်​တို့​စု​ရုံး​ရာ​အ​ရပ် ဖြစ်​၏။

5ဤ​မြို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​တို့​နန်း​စိုက်​၍ ပြည်​သူ​တို့​အား​တ​ရား​စီ​ရင်​ရာ​ဌာ​န​ဖြစ်​၏။

6``သင့်​ကို​ချစ်​မြတ်​နိုး​သူ​တို့​သည်​ကောင်း​စား ကြ​ပါ​စေ​သော။ သင်​၏​မြို့​ရိုး​များ​အ​တွင်း​၌​ငြိမ်း​ချမ်း​သာ​ယာ မှု​ရှိ​၍ သင်​၏​နန်း​တော်​များ​အ​တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​မှု ရှိ​ပါ​စေ​သော'' ဟု ယေ​ရု​ရှ​လင်​မြို့​၏​ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက် ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။

7

8ငါ​သည်​ဆွေ​မျိုး​များ​နှင့်​မိတ်​ဆွေ​များ​ကို ထောက်​ထား​၍​ယေ​ရု​ရှ​လင်​မြို့​အား ``သင်​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​ပါ​၏။

9ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အိမ်​တော်​ကို​ထောက်​ထား​၍ သင်​၏​စည်​ပင်​သာ​ယာ​မှု​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။

← Psalms 121Read In The App, Free →Psalms 123 →

Study Psalms 122

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150