The Bible Software
Psalms · Common Language Bible

Psalms 124

1အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သာ ငါ​တို့​ဘက်​၌​ရှိ​တော်​မ​မူ​ခဲ့​လျှင်​အ​ဘယ်​သို့ ဖြစ်​ပါ​လိမ့်​မည်​နည်း။ အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ဖြေ​ကြား​ကြ​လော့။

2ငါ​တို့​အား​ရန်​သူ​များ​တိုက်​ခိုက်​ကြ​စဉ်​အ​ခါ​က ထာ​ဝ​ရ​ဘု​ရား​သာ​ငါ​တို့​ဘက်​၌​ရှိ​တော် မ​မူ​ခဲ့​လျှင်

3သူ​တို့​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍ ငါ​တို့​အား​အ​ရှင်​လတ်​လတ်​ဝါး​မျို​လိုက်​ကြ လိမ့်​မည်။

4ထို​နောက်​ငါ​တို့​သည်​ရေ​စီး​ရာ​သို့​မျော​ပါ​သွား​၍ ရေ​သည်​ငါ​တို့​ကို​လွှမ်း​မိုး​လိမ့်​မည်။

5ငါ​တို့​သည်​အ​ဟုန်​ပြင်း​သည့်​ရေ​စီး​ချောင်း​တွင် နစ်​မြုပ်​သွား​ကြ​လိမ့်​မည်။

6ငါ​တို့​ကို​ရန်​သူ​များ​အုပ်​ဖမ်း​ကိုက်​စား​သည့် အ​စာ​ဖြစ်​ခွင့်​ပေး​တော်​မ​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန်​စို့။

7ငါ​တို့​သည်​မု​ဆိုး​၏​ကျော့​ကွင်း​မှ​လွတ်​မြောက် လာ​သော ငှက်​ကဲ့​သို့​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​လေ​ပြီ။ ကျော့​ကွင်း​ပြတ်​၍​ငါ​တို့​လွတ်​မြောက်​ရ​ကြ​၏။

8ငါ​တို့​သည်​ကူ​ညီ​မ​စ​မှု​ကို​ကောင်း​ကင်​နှင့် ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ရ​ရှိ​ကြ သ​တည်း။

← Psalms 123Read In The App, Free →Psalms 125 →

Study Psalms 124

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150