The Bible Software
Psalms · Common Language Bible

Psalms 126

1ငါ​တို့​အား​ဇိ​အုန်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​ပြန်​လည်​ခေါ်​ဆောင်​သည်​မှာ အိပ်​မက်​ကဲ့​သို့​ဖြစ်​ပါ​၏။

2ငါ​တို့​သည်​များ​စွာ​ရယ်​မော​ကြ​ရ​လျက် ပျော်​ရွှင်​စွာ​သီ​ချင်း​ဆို​ကြ​ရ​၏။ ထို​အ​ခါ​အ​ခြား​လူ​မျိုး​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သူ​တို့​အ​တွက် ကြီး​မြတ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။

3ကိုယ်​တော်​သည်​အ​မှန်​ပင်​ငါ​တို့​အ​တွက် ကြီး​မြတ်​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ။ ငါ​တို့​သည်​အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့ ကြ ပါ​သည်​တ​ကား။

4အို ထာ​ဝ​ရ​ဘု​ရား၊ မိုး​ရေ​သည်​ခြောက်​သွေ့​သည့်​ချောင်း​များ​ကို ရေ​ဖြင့်​တစ်​ဖန်​ပြည့်​စေ​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​တို့​ကို​တစ်​ဖန်​ကြီး​ပွား​တိုး​တက် စေ​တော်​မူ​ပါ။

5မျက်​ရည်​ကျ​လျက်​စိုက်​ပျိုး​ကြ​ရ​သူ​တို့​အား ဝမ်း​မြောက်​စွာ​သီး​နှံ​များ​ရိတ်​သိမ်း​ရ​သော အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။

6မျက်​ရည်​ကျ​လျက်​မျိုး​စေ့​များ​ကို ယူ​ဆောင်​သွား​ကြ​သူ​တို့​သည် သီး​နှံ​များ​ကို​သယ်​ဆောင်​ကာ​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍​ပြန်​လာ​ကြ​လိမ့်​မည်။

← Psalms 125Read In The App, Free →Psalms 127 →

Study Psalms 126

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150