Psalms 127:3
သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။
Common Language Bible
In The King James Version
Lo, children are an heritage of the LORD: and the fruit of the womb is his reward.
In Context
Cross References
Genesis 1:28သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
Genesis 15:4ထိုအခါထာဝရဘုရားက``ဤကျွန်သည် သင်၏အမွေခံမဖြစ်ရ။ သင်၏သားအရင်း သည်သင်၏အမွေခံဖြစ်မည်'' ဟုမိန့်တော် မူပြီးလျှင်၊-
Genesis 30:1ရာခေလသည်ယာကုပ်နှင့်သားသမီးမထွန်း ကားသဖြင့် အစ်မကိုမနာလိုဖြစ်ပြီးလျှင် ယာကုပ်အား``ကျွန်မတွင်သားသမီးမရ ပါကသေရပါတော့မည်'' ဟုပြောလေ၏။
Genesis 41:51ယောသပ်က``ဘုရားသခင်သည်ငါခံရသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ အဖ၏အိမ်သား အပေါင်းတို့ကိုလည်းကောင်းမေ့ပျောက်စေတော် မူပြီ'' ဟုဆို၍သူ၏သားဦးကိုမနာရှေဟု နာမည်မှည့်လေ၏။-
Deuteronomy 28:4``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။
Joshua 24:3ငါသည်သင်တို့၏ဘိုးဘေးအာဗြဟံကို ဥဖရတ်မြစ်တစ်ဘက်ရှိဒေသမှခေါ်ဆောင် ပြီးလျှင် ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်၍ သူ၏အဆက်အနွယ်ကိုများပြားစေခဲ့ သည်။ သူ၌သားဣဇာက်ထွန်းကားစေ၏။-