The Bible Software
Psalms · Common Language Bible

Psalms 130

1အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​ကြေ​ကွဲ​ရာ​မှ ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။

2အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​တောင်း​လျှောက် သံ​ကို နား​ထောင်​တော်​မူ​ပါ။

3အ​ကယ်​၍​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ရေး​မှတ်​ထား​မည်​ဆို​ပါ​က အ​ဘယ်​သူ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​နိုင်​ပါ​မည်​နည်း။

4သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​အား ရို​သေ​ကျိုး​နွံ​ကြ​ပါ​၏။

5ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကို စောင့်​မျှော်​လျက်​နေ​၏။ ကိုယ်​တော်​၏​က​တိ​တော်​ကို​ယုံ​ကြည်​ကိုး​စား​ပါ​၏။

6ကင်း​စောင့်​တို့​သည်​အ​ရုဏ်​တက်​ချိန်​ကို စောင့်​မျှော်​သည်​ထက် ငါ​သည်​ဘု​ရား​ရှင်​ကို​ပို​၍​စောင့်​မျှော်​လျက်​နေ​၏။

7အို ဣ​သ​ရေ​လ၊ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​သည် ခိုင်​မြဲ​သည်​ဖြစ်​၍​ကိုယ်​တော်​သည်​ကယ်​တော်​မူ​ရန် အ​ခါ​ခပ်​သိမ်း​အ​သင့်​ရှိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ကိုး​စား​ကြ​လော့။

8ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ဖြစ်​သော ဣသ​ရေ​လ​အား​အ​ပြစ်​အ​ပေါင်း​မှ ကယ်​တော်​မူ​လိမ့်​မည်။

← Psalms 129Read In The App, Free →Psalms 131 →

Study Psalms 130

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150